Showing posts with label ဗွီဒီယို. Show all posts
Showing posts with label ဗွီဒီယို. Show all posts

သူရဦးတင်ဦးနဲ့ တွေ့ဆုံမေးမြန်းခန်း (ရုပ်/သံ)

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက၊ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦးရဲ့ ဘဝဖြတ်သန်းမှုအကြောင်း ရေးသားပြုစုထားတဲ့ “ပြည်သူချစ်သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး” အမည်ရှိ စာအုပ်ကို မနေ့က စတင်ဖြန့်ချီခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တွေ့ဆုံမေးမြန်းထားပါတယ်။ RFA Burmese

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 



မန်းရေနံနဲ့ လယ်မြေမှတ်ပုံတင်ပြဿနာ (ရုပ်/သံ)

  မကွေးတိုင်း၊ မင်းဘူးမြို့နယ်က ဒေသခံ လယ်သမားတွေရဲ့ လယ်ယာမြေ အမည်ပေါက် မှတ်ပုံတင်ခွင့်ကို အစိုးရပိုင် မန်းရေနံမြေက ကန့်ကွက်ထားတဲ့အတွက် လယ်သမားတွေ အခက်အခဲ တွေ့နေပါ တယ်။ RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။ RFA Burmese

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 



ရဲအယောင်ဆောင်ပြီး ပိုက်ဆံလုသူကို ဖမ်းမိ (ရုပ်/သံ)

 ထိုင်းနိုင်ငံ နယ်စပ် မဲ့ဆောက်မြို့မှာ ရဲယောင်ဆောင်ပြီး မြန်မာအမျိုးသမီးတစ်ဦး ရဲ့ ပိုက်ဆံလုယူတဲ့ ထိုင်းအမျိုးသားတဦးကို ဖမ်းမိလိုက်ပါတယ်။ ခွန်ဘသာ တင်ဆက်။ ရိုက်ကူးဖိုးစီ DVB TV - 19.08.2014




မန္တလေးမှာ သိန်းပေါင်းတသိန်းခြောက်ထောင်ကျော် လိမ်လည် (ရုပ်/သံ)

 မန္တလေးမြို့ ပွဲစားကုန်သည် စက်ပိုင်များ၊ မဟာဘုံကထိန်တော် အသင်း အသင်းဝင်တဦးက အသင်းသားတွေ ဆီကနေ သိန်းပေါင်း တစ်သိန်း ခြောက်ထောင်ကျော် လိမ်လည်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီအကြောင်းကို ဦးအောင်အောင်က သတင်းပေးပို့ထားပါတယ်။ DVB TV - 18.08.2014



မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာပြပွဲကို မန္တလေးမြို့မှာ ကျင်းပပြုလုပ် (ရုပ်/သံ)



မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာပြပွဲကို မန္တလေးမြို့မှာ ပထမဦးဆုံး အကြိမ် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဦးကျော်ဇေ သတင်းပေးပို့ ထားပါတယ်။ ရိုက်ကူး ငြိမ်းမိုးနောင် DVB TV - 18.08.2014

Miss World 2014 အတွက် မြန်မာအလှမယ် ရွေးမယ် (ရုပ်/သံ)

 ဗြိတိန်နိုင်ငံမှာ ကျင်းပမယ့် MIss World Beauty 2014 အတွက် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် Miss Myanmar World ရွေးချယ်သွားမယ့် အကြောင်းကို ဒေါ်ယမင်းဦးက တင်ဆက်ပေးသွားမှာပါ။
DVB TV News



မြေယာမဲ့နေသူတွေကို သမ္မတက မြေ ပေးမယ် (ရုပ်/သံ)

 အမှန်တကယ် မြေယာမဲ့ နေသူတွေကို သန်းခေါင်စာရင်းနဲ့ အခြား လိုအပ်တာတွေကို ဥပဒေနဲ့ အညီစစ်ဆေးပြီး မြေနေယာ ချထားပေးမယ်လို့ သမ္မတပြောဆိုခဲ့ ပါတယ်။ ဦးမြတ်သူရ သတင်းပေးပို့ ထားပါတယ်။ DVB TV - 16.08.2014





ဗီဇာအတုနဲ့ မြန်မာ(၇၂)ဦးခေါ်တဲ့ အေးဂျင့်(၃)ယောက်ကို မလေးရှားမှာ စီရင်ချက်ချမယ် (ရုပ်/သံ)

  မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှာ ဗီဇာအတု ကိုင်ဆောင်သူ မြန်မာ (၇၂)ဦးကို ခေါ်ဆောင်ခဲ့တဲ့ အေးဂျင့် (၃)ယောက်ကို ဒီလ (၁၉)ရက်မှာ မလေးရှား နိုင်ငံ တရားရုံးကနေ စီရင်ချက်ချတော့ မှာဖြစ်ပါတယ်။ ဦးဇော်ထက် သတင်း ပေးပို့ ထားပါတယ်။ DVB TV - 18.08.2014



Miss International 2014 ပြိုင်ပွဲအတွက် ခင်ဝေဖြိုးဟန်က ဆွတ်ခူး (ရုပ်/သံ)

Miss International 2014 ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ရွေးချယ်ပွဲကို သြဂုတ်လ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ပြီး ခါးနံပတ် ၁၆ ခင်ဝေဖြိုးဟန်က ဆွတ်ခူးရရှိခဲ့ပါတယ်။

 အသက် ၁၈ နှစ်အရွယ် ခင်ဝေဖြိုးဟန်ဟာ ရေကူးဝတ်စုံ၊ အက၀တ်စုံ၊ မြန်မာရိုးရာဝတ်စုံ၊ ညနေခင်းဝတ်စုံတွေနဲ့ ၀တ်ဆင် ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပြီး နောက်ဆုံးအဆင့် စကာတင် အယောက် ၂၀ ထဲကနေ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

 အကဲဖြတ်ဒိုင်တွေအဖြစ် Miss International 2013 ဆုရှင် ဖိလစ်ပိုင်အလှမယ် အပါအဝင် ပြည်တွင်းက အနုပညာရှင်တွေနဲ့ တာဝန်ရှိသူတွေ ပါဝင် ဆောင်ရွက်ခဲ့ကြပါတယ်။

 talent ဆုတွေမှာတော့ ခါးနံပတ် ခါးနံပါတ် ၁၅ သိမ့်ဟန်သော်က ရရှိခဲ့ပြီး Miss Photogenic ဆုကို ခါးနံပါတ် ၁၈ မေဘရဏီသော်၊ Miss Beauty ဆုကို ခါးနံပါတ် ၅ အိနုဝေက ရရှိခဲ့ပါတယ်။

 first runner up ကို မေဘရဏီသော်၊ second runner up ကို သဒ္ဒါမရိုင်ယန် က ရရှိခဲ့ကြပါတယ်။ Miss myanmar international 2014 သရဖူဆုရှင် ခင်ဝေဖြိုးဟန်ကို Miss Myanmar International 2013 ဆုရှင် ဂုဏ်ရည်အေးကျော်က သရဖူ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

DVB TV - 18.08.2014

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



အောင်လံမှာ ကားမှောက်လို့  ကားပေါ်ပါသူ ဆရာမ ၂ ဦး သေဆုံး (ရုပ်/သံ)

 သြဂုတ်လ ၁၄ ရက်နေ့ညနေက ပြည်မြို့ကနေ အောင်လံမြို့အထွက်မှာ ကားမှောက်ပြီး ကားပေါ်ပါလာသူ ဆရာမ ၂ ဦး သေဆုံးခဲ့တဲ့ သတင်းကို ဒေါ်ခင်မင်းဇော် ပေးပို့ထားပါတယ်။ ရိုက်ကူး မင်းညို DVB TV - 15.08.2014




ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေမှု ၆ ရက်မြောက်အထိ ထူးခြားမှုမရှိသေး (ရုပ်/သံ)



 ဓမ္မစေတီ ခေါင်းလောင်းရှာဖွေမှု ၆ ရက်မြောက်နေ့ အထိ ထူးခြားမှု မရှိသေးပေမယ့် စိတ်ဝင်စားသူများ အဆက်မပြတ်လာရောက် ကြည့်ရှု နေကြ ပါတယ်။ ဦးသူရိန်က ပေးပို့ထားပါတယ်။ DVB TV - 15.08.2014


ကန့်ဘလူ လယ်သမား ဆန္ဒပြပွဲ (ရုပ်/သံ)

 စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့မှာ သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်လည်ရရှိရေးနဲ့ အကျဉ်းကျခံနေရတဲ့ တောင်သူတွေ ပြန်လွှတ်ပေးဖို့အတွက် ဒေသခံတောင် သူတွေ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



ကရင်လူငယ်အဆိုတော် ကေဖိုးခွား (ရုပ်/သံ)

 ကရင်လူငယ် အဆိုတော် ကေဖိုးခွားနဲ့ တွေ့ဆုံ မေးမြန်းခန်းကို ထုတ်လွှင့်ပေးမှာပါ။ ထိုင်း-မြန်မာနယ်စပ်က ကရင်စစ်ပြေး ဒုက္ခသည် ဘဝကနေ နိုင်ငံရေး၊ လူမှုရေး သီချင်းတွေသီဆိုပြီး ထိုင်းနိုင်ငံရောက် ကရင်တိုင်းရင်း သားတွေ အကြားမှာ ထင်ရှားလာတဲ့ K-ဖိုးခွားကို RFA သတင်းထောက် ကိုကျော်သူက တွေ့ဆုံမေးမြန်းထားပါတယ်။ RFA Burmese

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



KNU ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှီးနှောဖလှယ်ပွဲ (ရုပ်/သံ)

 ကရင်အမျိုးသား အစည်းအရုံး KNU ခေါင်းဆောင်တွေနဲ့ ရန်ကုန်အခြေစိုက် လူငယ် အရပ်ဘက်အဖွဲ့ အစည်းတွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ် နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ ယုဒဿန်ခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါ တယ်။ RFA သတင်းထောက် မစန်းမော်အောင်က စုစည်းတင်ပြထားပါတယ်။ RFA Burmese

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 



ကရင်နီပြည် ကျေးရွာပေါင်းစုံလူထုစည်းဝေးပွဲ (ရုပ်/သံ)

 ကရင်နီ ပြည်နယ်တဝှမ်းက ကျေးရွာပေါင်းစုံ လူထု စည်းဝေးပွဲ တခုကို ကရင်နီ အမျိုးသမီး အစည်းအရုံး KNWO က ဦးစီးပြီး လွိုင်ကော်မြို့မှာ ငါးရက်ကြာ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။ RFA Burmese

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




၆၄ နှစ်မြောက် ကရင့်အာဇာနည်နေ့ (ရုပ်/သံ)

 သြဂုတ်လ ၁၂ ရက်၊ ဒီကနေ့ကျရောက်တဲ့ (၆၄) နှစ်မြောက် “ကရင့်အာဇာနည်နေ့” ကို ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ဂျပ်ဆင်ခန်းမမှာ ကျင်းပခဲ့ရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အရပ်ဘက် လူမှုအဖွဲ့ အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ကြခဲ့ပါတယ်။ RFA သတင်းထောက် မဝေမာထွန်းက တင်ပြထား ပါတယ်။ RFA Burmese

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 



ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူနေတာ သုံးရက်မြောက်ရှိပြီ (ရုပ်/သံ)

 ရန်ကုန်မြစ်ထဲမှာ နစ်မြုပ်နေတယ်လို့ ဆိုတဲ့ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ဆယ်ယူနေတာ သုံးရက် မြောက်ရှိသွားပါပြီ။ ဒီအကြောင်းကိုေ­တာ့ ဦးမျိုးမင်းဦးက သတင်းပေးပို့ ထားပါတယ်။ DVB TV - 11.02.2014




မေတ္တာအိုးဝေဖောင်ဒေးရှင်းနဲ့ ရှင်ဆန္ဒာဓိက (ရုပ်/သံ)

 ရွှေပါရမီ တောရ ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ လှူဒါန်းမ,တည်ငွေနဲ့ ထူထောင်ထားတဲ့ မေတ္တာအိုးဝေ ဖောင်ဒေးရှင်းဟာ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေနဲ့ သူတို့ရဲ့ မိသားစု ဝင်တွေကို ကူညီ ထောက်ပံ့ နေပါတယ်။ ဆရာတော် အရှင်ဆန္ဒာဓိကကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တွေ့ဆုံ လျှောက်ထားခဲ့တာကို အခုထုတ်လွှင့်ပေးမှာပါ။ RFA Burmese

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 



သပိတ်ကျင်းမြို့နယ်က မြေသိမ်းဆည်းမှု (ရုပ်/သံ)

 မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ဝက်သေကျေးရွာမှာရှိတဲ့ ကျေးရွာမြေ ထက်ဝက်နီးပါးကို မြန်မာဂိုးလ်ဒင်းပွိုင့် ကုမ္ပဏီက သိမ်းဆည်းထားတဲ့အတွက်၊ ကျေးရွာပိုင်မြေတွေ ပြန်လည်ရရှိဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 



သူရဦးရွှေမန်း သတင်းစာရှင်းလင်းပွဲ (ရုပ်/သံ)

 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ ဒီနေ့မနက်ပိုင်းက နေပြည်တော်လွှတ်တော်ဝင်း အတွင်းက ဇမ္ဗူသီရိ ခန်းမဆောင်မှာ ပြည်တွင်းပြည်ပ သတင်းထောက်တွေနဲ့ တနာရီကျော်ကြာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။ RFA Burmese

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 



နောက်ဆုံးရ သတင်း အပုဒ် (၅၀)

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
 

30 Days Stats

Sponsors

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

အင်္ဂလိပ်သတင်းများ